ကောင်းမွန်တဲ့ အနာဂတ်ကို အတူဖန်တီးဖို့ ပုရပိုက်မှာ ပါဝင်စို့
မိမိရဲ့ အသိပညာ၊ အတွ့အကြုံများကို မျှဝေပေးဖို့ စိတ်အားထက်သန်ကြတဲ့ ပုရပိုက်ရဲ့ သင်ကြားသူများဟာ မြန်မာ့ လူမှုပတ်ဝန်းကျင်တွင် ဖွံ့ဖြိုးမှု နှင့် လုပ်ငန်းခွင်ဆိုင်ရာ တိုးတက်မှုများ ဖြစ်လာစေဖို့ ထောက်ပံ့ပေးနိုင်ဖို့ရာ ရည်မှန်းထားကြပါတယ်။

ပုရပိုက်နဲ့ ဘာကြောင့် လက်တွဲသင့်တာလဲ
ပုရပိုက်နဲ့ လက်တွဲထားတဲ့ သင်ကြားသူများ
ပုရပိုက်ရဲ့ သင်ကြားသူများသည် မိမိ သင်ယူလေ့လာထားသော အတတ်ပညာများသာမက တန်ဖိုးရှိလှတဲ့ ကိုယ်ပိုင် အတွေ့အကြုံများကိုပါ မျှဝေပေးရန် စိတ်အားထက်သန်ကြသူများ ဖြစ်ပါတယ်။

Dr. Pyae Phyo Lwin,
Chief Operation Officer, Thitsarwork
Brings extensive experience in Microfinance, Fintech, and Tourism, excelling as a seasoned professional and trainer in Management, Leadership, and Personal Development.

Daw Tin Nilar Tun,
Chief Head of Trade Marketing, Ooredoo Myanmar
Boasting over a decade in the telecom, GMCG, and Pharmacy industries, is a seasoned expert in GTM strategy.

Thar Nge, IV
Founder, "The Four" Band
The accomplished founder of the FOUR band, not only shines as a celebrated singer, songwriter, and music producer but also imparts his musical prowess as a teacher in Myanmar.

Dr. Soe Zaw Paing@Ian, Business Consultant & Career Coach
The adept General Manager at CMHL, is an experienced professional with an MBA in IBM, showcasing over 10 years of managerial expertise in Sales, Marketing, Compliance, Supply Chain, Project Management, and Business Development.

Daw Ei Ei Aung, Founder, Flash & Sight Cooperate Training
Founder of Flash & Sight, leverages over 10+ years of local & international Customer Service experience. Since 2015, she has trained 1,000+ employees in Myanmar, emphasizing "Customer Service" and "Human Relationships" through individual and group workshops.
Frequently Asked Question

ပုရပိုက်မှာ ဆရာအဖြစ် လျှောက်ထားလိုရင် ဘယ်လို လုပ်ရမလဲ။
ဝက်ဘ်ဆိုဒ်ရဲ့ "Teach" စာမျက်နှာ အောက်ဖက်ခြမ်းရှိ လျှောက်လွှာဖောင်တင်နိုင်တဲ့ Join With Us ခလုတ်ကို နှိပ်ပါ။ လျှောက်လွှာဖောင်မှာ တောင်းခံထားတဲ့ အကြောင်းအရာ၊ အချက်အလက်တွေကို ဖြည့်သွင်းပေးပါ။ ပုရပိုက် အဖွဲ့သားများက သင့်လျှောက်လွှာကို စစ်ဆေးပြီး နောက်ဆက်တွဲ အဆင့်ဆင့်များကို ဆွေးနွေးဖို့ ဆက်သွယ်ပေးပါမယ်။
ပုရပိုက်မှာ သင်ကြားသူ တစ်ယောက် ဖြစ်ဖို့ ဘာတွေ လိုအပ်ပါသလဲ။
မတူကွဲပြားတဲ့ အတွေ့အကြုံ၊ နောက်ခံအမျိုးမျိုးရှိတဲ့ သင်တန်းဆရာများကို ပုရပိုက်က ဝမ်းမြောက်စွာ လက်ခံပါတယ်။ သက်ဆိုင်ရာ နယ်ပယ်မှာ အတွေ့အကြုံ ပြည့်ဝပြီး လက်တွေ့ လုပ်ငန်းခွင် ကျွမ်းကျင်မှုရှိတဲ့ သင်ကြားရေးအပေါ် စိတ်အားထက်သန်တဲ့ သင်တန်းဆရာများကို ပုရပိုက်က အထူးကြိုဆိုပါတယ်။ သင့်အနေနဲ့ ထူးခြားတဲ့ ကျွမ်းကျင်မှု၊ လုပ်ငန်းခွင် ပညာရပ်များ သို့မဟုတ် လက်တွေ့ အတွေ့အကြုံများစွာ ရှိပြီး လူအများဆီ မျှဝေလိုစိတ်ရှိတဲ့အခါ ကျွန်တော်တို့ဆီ လျှောက်ထားဖို့ တိုက်တွန်းလိုပါတယ်။
သင်ကြားသူများကို ပုရပိုက်က ဘယ်လို အကျိုးခံစားခွင့်တွေ ပေးပါသလဲ။
သင်ခန်းစာ ဗီဒီယိုများ ရိုက်ကူး၊ ဖန်တီးခြင်းနှင့် မားကတ်တင်း လုပ်ငန်းစဉ်တစ်ခုလုံး အတွက် ပုရပိုက်က အပြည့်အဝ ပံ့ပိုးပေးပါတယ်။ သက်ဆိုင်ရာ သင်ခန်းစာများကို စိတ်ဝင်စားဖွယ် ဖန်တီးနိုင်စေရန် လမ်းညွှန်မှုများနှင့် သင်ခန်းစာ ဗီဒီယိုများ အရည်အသွေး ပြည့်မီစွာ ဖန်တီးနိုင်ရန် ပံ့ပိုးပေးထားပါတယ်။ ထို့အပြင် သင်ကြားရေး အတွေ့အကြုံ ချောမွေ့စွာ ဖြစ်နိုင်အောင် နည်းပညာဆိုင်ရာ ပံ့ပိုးမှုများကိုလည်း ထောက်ပံ့ပေးထားပါသည်။
သင်တန်းများ ဖန်တီးခြင်းနှင့် ကြေငြာများအတွက် ဘယ်လို ပံ့ပိုးပေးပါသလဲ။
သင်ခန်းစာ ဗီဒီယိုများ ရိုက်ကူး၊ ဖန်တီးခြင်းနှင့် မားကတ်တင်း လုပ်ငန်းစဉ်တစ်ခုလုံး အတွက် ပုရပိုက်က အပြည့်အဝ ပံ့ပိုးပေးပါတယ်။ သက်ဆိုင်ရာ သင်ခန်းစာများကို စိတ်ဝင်စားဖွယ် ဖန်တီးနိုင်စေရန် လမ်းညွှန်မှုများနှင့် သင်ခန်းစာ ဗီဒီယိုများ အရည်အသွေး ပြည့်မီစွာ ဖန်တီးနိုင်ရန် ပံ့ပိုးပေးထားပါတယ်။ ထို့အပြင် သင်ကြားရေး အတွေ့အကြုံ ချောမွေ့စွာ ဖြစ်နိုင်အောင် နည်းပညာဆိုင်ရာ ပံ့ပိုးမှုများကိုလည်း ထောက်ပံ့ပေးထားပါသည်။
သင်ကြားသူ တစ်ယောက် အတွက် သင်တန်း အရေအတွက် အကန့်အသတ် ရှိပါသလား။
သင်ကြားသူ တစ်ယောက်က သင်ကြားပေးနိုင်တဲ့ သင်တန်းအရေအတွက်ကို အတိအကျ ကန့်သတ်မှု မရှိပါ။ သင့်ရဲ့ ကျွမ်းကျင်မှုကို ပြသနိုင်ပြီး လေ့လာသူများရဲ့ စိတ်ဝင်စားမှုများကို ဖြည့်ဆည်းပေးနိုင်သော သင်တန်းအမျိုးမျိုး ဖန်တီးဖို့ ပူရပိုက်က တိုက်တွန်းပါတယ်။ လေ့လာသူများအတွက် သင်ယူမှု အတွေ့အကြုံကောင်းများ ပေးနိုင်ရန် သင်တန်း တစ်ခုချင်းစီရဲ့ အရည်အသွေးကို တိုင်းတာ၊ စိစစ်မှုများတော့ ရှိနိုင်ပါတယ်။
ဆရာများနဲ့ သက်ဆိုင်ရာ သင်တန်းများအတွက် ဘယ်လို promote လုပ်ပေးပါသလဲ။
ပုရပိုက်ရဲ့ တရားဝင် ဝဘ်ဆိုဒ်၊ ဆိုရှယ်မီဒီယာ ပလက်ဖောင်းများတွင် ပညာပေး အစီအစဉ်များ၊ အရောင်းမြှင့်တင်ရေး အစီအစဉ်များက တစ်ဆင့် ဆရာများ နဲ့ သက်ဆိုင်ရာ သင်တန်းများကို တက်ကြွစွာ ကြေငြာပေးလျက်ရှိပါတယ်။ ဒါ့အပြင် ပုရပိုက်နဲ့ လက်တွဲ လုပ်ကိုင်ခြင်းက သင့်ရဲ့ သက်ဆိုက်ရာ နယ်ပယ်တွင်း ပုံရိပ် မြင့်တက်မှု၊ ယုံကြည်မှုနှင့် အသိအမှတ်ပြုမှုများကို တိုးတက်စေသည့် အခွင့်အလမ်းပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
ပုရပိုက်မှာ Live Classes သင်လို့ ရနိုင်ပါသလား။
ပုရပိုက်ရဲ့ သင်ခန်းစာများ အများစုမှာ Recorded Video Lessons များ ဖြစ်ပေမယ့် လေ့လာသူများနဲ့ တိုက်ရိုက် သင်ကြားနိုင်မယ့် Live Session အစီအစဉ်လည်း ရှိပါတယ်။ Live Session သင်တန်းတစ်ခုအတွက် အကြံပြုချက် သော်လည်းကောင်း အစီအစဉ်သော်လည်းကောင်း အသေးစိတ် ဆွေးနွေးလိုပါက လျှောက်လွှာဖောင် တင်ပြီး ဆက်သွယ်ပေးဖို့ တိုက်တွန်းလိုပါတယ်။
အသေးစိတ် မေးမြန်းလိုပါက ဆက်သွယ်ထောက်ပံ့ရေး အဖွဲ့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Ready to get Started?
Get Our App